Print

သလဲသီး (Pomegranate) ၏ ကျန်းမာရေးကောင်းကျိုးများ

  03-Jan-2020
Preview Image

သလဲသီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတွေထဲက တစ်ခုဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သလဲသီးဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး အချို့ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ အောက်ပါအချက်တွေကတော့ သလဲသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ပါတယ်။

၁။ သလဲသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်

          သလဲသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် C ဗီတာမင် K ဖော်လစ်အက်စစ်၊ ပိုတက်ဆီယမ် စတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ သလဲသီးမှာ အရောင်ကျစေတဲ့ အစွမ်းသတ္တိရှိပါတယ်

          နာတာရှည်ရောင်ရမ်းခြင်းဟာ ရောဂါ အမြောက်အများကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ သလဲသီးမှာ ရောင်မ်းခြင်းကို ပါဝင်တဲ့ Punicalagin ဆိုတဲ့ ဓာတ်က ရောင်မ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာတော့ သလဲသီးဟာ အစာအိမ် အရောင်ကျစေသလို ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာမှာ ရောင်မ်းခြင်းတွေကို လျှော့ချပေးနိင်တာတွေ့ရပါတယ်။

 ၃။ သလဲသီးဟာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါတယ်

          ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေအရတော့ သလဲသီးက ထုတ်ထားတဲ့ ဓာတ်ပစ္စည်းတွေဟာ ဆီးကျိတ်ကင်ဆာမှာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို နှေးကွေးစေပြီး ကင်ဆာဆဲလ်တွေ သေဆုံးသွားအောင်တောင် လုပ်ဆောင်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။

၄။ သလဲသီးဟာ ရင်သားကင်ဆာကို သက်သာစေပါတယ်

          ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုထဲမှာ ပါဝင်ပါတယ်။ သလဲသီးဟာ ကင်ဆာဆဲလ်ပွားများမှုကို နှေးကွေးစေနိုင်ပါတယ်။

၅။ သလဲသီးဟာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်

          သွေးတိုးရောဂါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသန တစ်ခုအရ သလဲသီးဖျော်ရည်ကို နေစဉ်နှစ်ကိမ်သောက်သုံးပေးခြင်ဖြင့် သွေးပေါင်ချိန်ကျဆင်းစေတာကို တွေ့ရပါတယ်။

၆။ သလဲသီးဟာ အဆစ်အမြစ်ရောင်မ်းခြင်းကို သက်သာစေနိုင်ပါတယ်

          သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အဆစ်အမြစ်ရောင်မ်းခြင်းကို သက်သာစေနိုင်တဲ့ အတွက် နာတာရှည် အဆစ်အမြစ်ရောင်ရောဂါတွေအတွက် ကောင်းမွန်ပါတယ်။

၇။ သလဲသီးဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

          နှလုံးရောဂါဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သလဲသီးမှာ ပါတဲ့ Punicic acid လို့ခေါ်တဲ့ Fatty acid တစ်မျိုးက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် သလဲသီးဟာ နှလုံးရောဂါကို အဓိကဖြစ်စေနိုင်တဲ့ သွေးပေါင်မြင့်တက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၈။ သလဲသီးဟာ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို တိုက်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်

          သလဲသီးဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။

၉။ သလဲသီးဟာ မှတ်ဉာဏ်ကို ကောင်းမွန်တိုးတက်စေပါတယ်

          သုတေသနတွေအရ သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်ကောင်းမွန်စေတာကို တွေ့ရပါတယ်။

၁၀။ သလဲသီးဟာ လေ့ကျင့်ခန်းလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်

          သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာ ဖြစ်ပေါ်တဲ့ မောပန်းနွမ်းနယ် ခြင်းကို လျှော့ချပေးနိုင်ပီး လေ့ကျင့်ခန်း လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

Credit : Dr.Aung


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18